
ကုလားတန်ဘက်စုံသုံး စီမံကိန်းအတွက် လမ်းတည်ဆောက်ရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၀န်ထမ်းတွေကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA က ဖမ်းဆီးသွားတယ်လို့ တပ်မတော်နဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့က ဧပြီလ ၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို ၀န်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ကုမ္ပဏီပိုင် စက်ယန္တရားအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီစီမံကိန်းမှာပါဝင် လုပ်ဆောင်နေတဲ့ ပြည်တွင်းကုမ္ပဏီ ငါးခုခန့်ရှိပြီး လုံခြုံရေးလက်လှမ်းမမီတဲ့နေရာမှာ လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေဖြစ်တာကြောင့် အခုလို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စီမံကိန်းအတွင်းလုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေအတွက် တပ်မတော်က လုံခြုံရေးတွေချထားပေးပေမယ့် နေရာဒေသအကျယ်အ၀န်းကြောင့် လုံခြုံရေးအပြည့်အ၀ မရှိဘူးလို့ ဆိုပါတယ်။
အခုလို ကုမ္ပဏီဝန်ထမ်းတွေကို ဖမ်းဆီးခေါ် ဆောင်သွားရတာဟာ ကုလားတန်စီမံကိန်းနဲ့ ပတ်သက်မှုမရှိဘဲ စစ်ပွဲဇုန်ထဲဝင်ရောက်လာတဲ့ ဒေသခံမဟုတ်တဲ့ သူစိမ်းတွေဖြစ်တာကြောင့်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က 7 day news journal ကို ပြောကြားထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားသူတွေထဲက စစ်ဘက်နဲ့ ပတ်သက်မှုမရှိတဲ့ အရပ်သားတွေကို တော့ စစ်ဆေးမှုတွေပြုလုပ်ပြီးပါက ပြန်လွှတ်ပေးမှာဖြစ်ပြီး စစ်ဘက်နဲ့ ပတ်သက်သူတွေကိုတော့ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ဆိုထားပါတယ်၊
ဒီလို တိုက်ခိုက်မှုအတွက် အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့အကြား ထိပ်ပိုင်းခေါ
င်းဆောင်တွေချင်း ဆက်သွယ်ပြောဆိုထားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယ နိုင်ငံနဲ့ မြန်မာ နိုင်ငံတို့ကြား ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေစေဖို့ ဆောင်ရွက်နေတဲ့ ကုလားတန် စီမံကိန်းမှာ ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့လည်းပါဝင်ပြီး ကုလားတန်တံတား တည်ဆောက်ရေးဟာ လည်း စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အောင်ကျော်ထွန်း
tv kanalları ကုလားတန်ဘက်စုံစီမံကိန်းက တည်ဆောက်ရေးဝန်ထမ်းတစ်ချို့ ဖမ်းဆီးခံရ | |
3 Likes | 3 Dislikes |
379 views views | 245K followers |
News & Politics | Upload TimePublished on 3 Apr 2019 |
Related keywords
7days to die wiki,7days lyrics,7 days to die mods,tv8 canlı izle,7 days to die map,7 days to die commands,tv canlı izle,tv rehberi,tv askı aparatı,7daysclothing,http://7daystodie.com,7days2die,tv8 yayın akışı star,tv canlı,tv akışı,tv de spor,7 days in hell,tv plus,7 days hair regrowth serum,tv üniteleri,tvf,tv canlı yayın,7days ru,7 day weather,7 days from today,tv sehpası,7 days to die server,tv ünitesi,tv yayın akışı,tv2,7 days to die,7days7nights,7 day detox,tv100,tv8,tv fiyatları,7days,7day forecast,7 days to die cheats,
Không có nhận xét nào:
Đăng nhận xét